(ပြည်တွင်း) မေ ၂
တနိုင်းမြို့နယ်ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မေလ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မြို့နယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစီအစဉ်အရ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင် က မိတ်ဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မီမီကျော်ထွန်း မှ နိုင်ငံတော်သမ္မတ၏ ရက် ၁၀၀ လမ်းညွှန်ချက်များနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆိုင်းလ မှ လွှတ်တော်ဆောင်ရွက်ချက်များကို ဆက်လက်ရှင်းလင်းတင်ပြခဲ့သည်။တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာသော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ မေးမြန်းတင်ပြခဲ့သည့် မေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများမှ ပူးပေါင်းညှိနှိုင်း၍ ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။




#PAN