(ပြည်တွင်း) မေ ၂
၂၀၂၆ ခုနှစ်၊ မေလ (၂) ရက်နေ့၊ နေ့လည် (၂) နာရီအချိန်တွင် ပုသိမ် မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပုသိမ်မြို့နယ်အတွင်း အုပ်စုအလိုက် အလှည့်ကျ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမည့် အချိန်ဇယားများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ ပုသိမ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် ခွဲရုံ/လိုင်းတာဝန်ခံ လျှပ်စစ်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပုသိမ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားကို အုပ်စုအလိုက် အလှည့်ကျ စနစ်ဖြင့် စနစ်တကျ ဖြန့်ဖြူးပေးနိုင်ရေးအတွက် အချိန်ဇယားများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး လိုအပ်သော အချက်အလက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးသည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို စနစ်တကျ ထိန်းညှိနိုင်ရေးနှင့် ပြည်သူများအတွက် လျှပ်စစ်အသုံးပြုမှု အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


#PAN