(နိုင်ငံတကာ) ဇန်နဝါရီ ၂၅

အာဖရိကတိုက် နှစ်ခြမ်းကွဲထွက်နေမှုက ယခင်တွေးထင်ထားသည်ထက် ပို၍မြန်ဆန်နေကြောင်း သိပ္ပံ ပညာရှင်များက ဇန်နဝါရီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
၂၀၀၅ ခုနှစ်အတွင်း အီသီယိုးပီးယားနိုင်ငံ၌ စတင်ပေါ်ထွက်ခဲ့သည့် အရှည် ၃၅ မိုင်ရှိ မြေလွှာကွဲကြောင်း ကြီးသည် တစ်နှစ်လျှင် လက်မဝက်နှုန်းဖြင့် ကွာထွက်နေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ၏ အဆိုအရ သိရသည်။
အထက်ပါနှုန်းအတိုင်း ဆက်လက်ကွာဟခဲ့ပါက နောင်လာမည့်နှစ် ငါးသန်းအတွင်း အာဖရိကတိုက် နှစ်ခြမ်းကွဲသွားနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များက တွက်ချက်ထားသည်။
ရှေးယခင်ကမူ အာဖရိက တိုက်ကြီး နှစ်ခြမ်းကွဲရန် နှစ်သန်းပေါင်းများစွာ အချိန်ယူရနိုင်ကြောင်း ယူဆခဲ့ကြသည်။
အရှေ့အာဖရိက မြေလွှာပြတ်ကြောင်းစနစ်ကြောင့် ပေါ်ထွက်လာသည့် အထက်ပါမြေလွှာအက်ကြောင်း ကြီးသည် ဆိုမာလီယာ၊ ကင်ညာ၊ တန်ဇန်နီးယားနှင့် အီသီယိုးပီးယားနိုင်ငံတို့ကို ဖြတ်သန်းတည်ရှိပြီး အာဖရိကတိုက်နှစ်ခြမ်းကွဲခဲ့ပါက ကမ္ဘာပေါ်၌ ဆဋ္ဌမမြောက်သမုဒ္ဒရာတစ်စင်း ပေါ်ထွက်လာနိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။
Telegram»…
https://t.me/positiveanglenews