ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ရန် ရုရှားသမ္မတနှင့် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိကြောင်း ဒေါ်နယ်ထရန့် ပြောကြား


(နိုင်ငံတကာ) ဇန်နဝါရီ ၂၅

ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ရုရှားသမ္မတ ပူတင် နှင့် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ဇန်နဝါရီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့၌ ကျင်းပနေသော ဒါးဗို့စ်ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ပေးပို့ထားသည့် ဗီဒီယိုမိန့်ခွန်း၌ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့် က အဆိုပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် မိမိအနေဖြင့် ရုရှားသမ္မတ ပူတင် နှင့် အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးရန် ဆန္ဒရှိကြောင်း ဒေါ်နယ်ထရန့် က ဒါးဗို့စ်ကမ္ဘာ့စီးပွားရေး ဖိုရမ်မိန့်ခွန်း၌ ပြောကြားခဲ့သည်။

မိမိအနေဖြင့် သမ္မတရာထူးရယူပြီးချိန်တွင် ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်နိုင်ရေးအတွက် ကြိုးပမ်းမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲမတိုင်မီကာလကပင် ပြောကြားထားသည်။

သို့ရာတွင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ရေး အတွက် လအတန်ကြာအချိန်ယူရနိုင်ကြောင်း သမ္မတ ဒေါ်နယ်ထရန့် ၏ အကြံပေးများက ပြောကြားထားသည်။

ဒေါ်နယ်ထရန့် သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်တွင် အမေရိကန်နိုင်ငံ၏ ၄၇ ဦးမြောက် အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN