MSME နှင့် စိုက်/မွေးကဏ္ဍကို ချေးငွေများ ဦးစားပေး၍ ထုတ်ချေးမည်


(ပြည်တွင်း) ဇန်နဝါရီ ၂၄

အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးတဲ့ ပြည်တွင်းပြည်ပကုမ္ပဏီတွေကနေ ၂၀၂၅ ခုနှစ် အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနဲ့ MSME ကဏ္ဍတွေကို ဦးစားပေး၍ ချေးငွေများထုတ်ချေးပေးသွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သိရပါတယ်။

ချေးငွေကဏ္ဍ ၆ မျိုးရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဝန်ဆောင်မှု၊ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနဲ့ ပညာရေး ကဏ္ဍတွေဖြစ်ပြီး ၎င်းကဏ္ဍများအနက် MSME ကဏ္ဍဖြစ်တဲ့ ဝန်ဆောင်မှုနဲ့ ထုတ်လုပ်မှုကဏ္ဍကို ထုတ်ချေးပေးထားတဲ့ ချေးငွေက ကျပ်ဘီလီယံ ၃၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

အခု ၂၀၂၅ ခုနှစ်မှာလည်း MSME ကဏ္ဍတွေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကို ဦးစားပေး ထုတ်ချေးပေးသွား မယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က နိုင်ငံပိုင်သတင်းဌာနကတစ်ဆင့် ဖြေကြားထားပါတယ်။

အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးတဲ့ ကုမ္ပဏီတွေကနေ ကျေးလက်ဒေသက ပြည်သူတွေ ကို အများဆုံးချေးငွေထုတ်ချေးပေးနေတယ် လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခုမှာ အသေးစားငွေရေး ကြေးရေး လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပြီးတဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁၇၄ ခုရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဝန်ဆောင်မှု၊ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနဲ့ပညာရေးကဏ္ဍတွေကို ချေးငွေကျပ် ဘီလီယံ ၂၀၀၀ ကျော် ထုတ်ချေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN