(နိုင်ငံတကာ) ဇန်နဝါရီ ၂၄

ရုရှားနိုင်ငံအပေါ် ဥရောပသမဂ္ဂအဖွဲ့က ချမှတ်သည့် စီးပွားရေးပိတ်ဆို့မှုများသည် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကိုသာ ပိုမိုအထိနာစေခြင်းကြောင့် ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးမည့်အစီအစဉ်အား ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် က ကန့်ကွက်ခဲ့ကြောင်း Bloomberg က ဖော်ပြသည်။
လက်ရှိအချိန်သည် ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားရမည့် အချိန်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအဖွဲ့၏ ၂၀၂၅ ခုနှစ် အတွက် ရည်မှန်းချက်သည် ရုရှားအပေါ် ပိတ်ဆို့မှု ချမှတ်ထားခြင်း မရှိသည့် ဆက်ဆံရေးဖြစ်ကြောင်း အော်ဘန် က Kossuth ရေဒီယိုနှင့် လုပ်ဆောင်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့ကြောင်း Bloomberg က ဇန်နဝါရီလ ၂၂ ရက်တွင် ဖော်ပြသည်။
အော်ဘန်သည် ဥရောပသမဂ္ဂအဖွဲ့က ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ခြင်းအပေါ် ပြစ်တင်ဝေဖန်လေ့ ရှိပြီး အဆိုပါပိတ်ဆို့မှုများသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုသာ ပိုမိုအထိနာစေသည်ဟု ယုံကြည်နေသူ ဖြစ်ကြောင်း သိရသည်။
ဥရောပသမဂ္ဂအဖွဲ့က ရုရှားအပေါ် ချမှတ်ထားသည့်ပိတ်ဆို့မှုများသည် ယခုနှစ် ဇန်နဝါရီ လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ သက်တမ်းထပ်မံတိုးရန်အတွက် အဖွဲ့ဝင် ၂၇ နိုင်ငံစလုံး၏ တညီတညွတ်တည်း သဘောတူညီချက်ရရှိရန် လိုအပ်လျက်ရှိသည်။
ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြား ရေး ဝန်ကြီးများသည် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှု သက်တမ်းတိုးရေးနှင့်စပ်လျဉ်း၍ ဘရပ်ဆဲလ်မြို့၌ ဇန်နဝါရီလ ၂၇ ရက်တွင် ထပ်မံတွေ့ဆုံမည်ဖြစ်ပြီး အကယ်၍ ဟန်ဂေရီနိုင်ငံက ဆက်လက်ကန့်ကွက်နေပါက ပိတ်ဆို့မှုသက်တမ်း တိုးရန် အခက်အခဲဖြစ်ပွားနိုင်ကြောင်း နီးစပ်သူများ၏ ပြောကြားချက်ကို ဖော်ြပထားကြောင်း RT သတင်းဌာနမှ သိရသည်။
Telegram»…
https://t.me/positiveanglenews