ပြိုင်ဘီးစီးနင်းသူ အသက်၇၀အရွယ်အမျိုးသားတစ်ဦးအား ကွန်တိန်နာကားကြိတ်ခံရပြီး သေဆုံး

(မှုခင်း) မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးအနီး၌ ပြိုင်ဘီးစီးနင်းသူအမျိုးသားတစ်ဦး ကားကြိတ်ခံရကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီအချိန်ခန့်က တညင်းကုန်းဈေးအရှေ့တွင် ပြိုင်စက်ဘီးစီးသူ၏ ခေါင်းကို ကွန်တိန်နာကားမှ ဖြတ်ကြိတ်မိခဲ့ကြောင်း သိရသည်။  အဆိုပါသေဆုံးသူသည်

အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်တွင်နေထိုင်သည့် အသက် (၇၀) အရွယ်အဘိုးအိုတစ်ဦးဖြစ်ပြီး ၎င်း၏မိသားစုနှင့်လည်းအဆက်သွယ်ရပြီဖြစ် ကြောင်း သိရသည်။