
(မှုခင်း) မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ကျုံးအတွင်း ခုန်ချခဲ့သည့် အမျိုးသမီး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၇နာရီအချိန်က မန္တလေးမြို့၆၆ လမ်း၊ ၁၇ လမ်းနှင့် ၁၈ လမ်းအနီး ကျုံးအတွင်းမှ မေ ၂၅ ရက်၊ နံနက်အစောပိုင်းတွင် ကျုံးအတွင်းသို့ ခုန်ချခဲ့သည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ ကျုံးအတွင်းသို့ ခုန်ချခဲ့သည့်အမျိုးသမီးမှာ ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာ နေထိုင်သူ အသက် ၂၀ နှစ်ကျော် အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းခုန်ချခဲ့သည့်နေရာ အနီးတွင် ဖုန်း၊ မှတ်ပုံတင်၊ ငွေသားအချို့ထည့်ထားသည့် အိတ်တစ်လုံးနှင့် ဖိနပ်တစ်ရံတွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီးမှ တောင်အင်းမြောက်အင်းသုဿန်ကို ပို့ဆောင်ပေးထားကြောင်း သိရသည်။