အကြားအာရုံကို ကောင်းမွန်စေနိုင်တဲ့ အစားအစာများ

(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၁၁

     PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ အကြားအာရုံကို ကောင်းမွန်စေနိုင်တဲ့ အစားအစာများအကြာင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက သင့်ရဲ့အကြားအာရုံချို့တဲ့ခြင်းမှ ကာကွယ်ပေး နိုင်ပါတယ်။  မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေမှာပါဝင်တဲ့ free radicals တွေက နားအတွင်းပိုင်းမှာ ရှိတဲ့ အမှေးပါလေးတွေပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

      မဂ္ဂနီဆီယမ် ချို့တဲ့ခြင်းက နားအတွင်းပိုင်းမှာ ရှိတဲ့ သွေးကြောတွေကို ကျုံ့စေပြီး အောင်ဆီဂျင်ကင်းမဲ့မှု ဖြစ်စေနိုင်ပါတယ်။ မဂ္ဂနီဆီယမ် ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသီးအနှံနဲ့ ဟင်းသီးဟင်း ရွက်တွေ၊ ငှက်ပျောသီး၊ အားလူး၊ ဟင်းနုနယ်၊ ခရမ်းချဉ်၊ ပန်းပွင့်စိမ်းတို့ ဖြစ်ပါတယ်။

      ပိုတက်ဆီယမ်ဓာတ်က ခန္ဓာကိုယ်ရဲ့တစ်ရှုးနဲ့သွေးထဲက အရည်တွေကို ထိန်းပေးပါတယ်။ နားအတွင်းပိုင်း က အရည်လေးတွေအတွက် အရေးပါပါတယ်။ နားအတွင်းပိုင်းက နားရဲ့အစိတ် အပိုင်းတစ်ခုပဲဖြစ်ပြီး ကျွန်တော်တို့ကြားတဲ့ အသံတွေကို ဦးနှောက်ဆီကို ပို့ပေးပြီး ဦးနှောက်ကနေတဆင့် အသံကိုအဓိပ္ပါယ် ကောက်ပါတယ်။ အဲ့ဒီနားအတွင်းပိုင်းက ပိုတက်ဆီ ယမ်ဓာတ်ကို ရရှိမှုပေါ်မူတည်ပြိး အသံကို ကြားနိုင်ခြင်းဖြစ်ပေါ်စေတာမို့ အကြားအာရုံအတွက် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာက အရေးကြီးပါတယ်။

#PAN