သီးသန့်တရားရုံးက အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သူ၊ အားပေးထောက်ခံသူနှင့် အကြမ်းဖက်အဖွဲ့အတွင်းသို့ ဝင်ရောက်ရန်ကြိုးစားသူ ၄ ဦးကို ပြစ်ဒဏ်အသီးသီးချမှတ်


(ပြည်တွင်း) အောက်တိုဘာ ၁၀

ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် သီးသန့်တရားရုံးမှနေ၍ အကြမ်းဖက်အဖွဲ့နှင့် လူမှုကွန်ရက်တွင် ဆက်သွယ်ခြင်း၊ အကြမ်းဖက် အားပေး Post များ Share ခြင်း၊ Save ခြင်းများ ကျူးလွန်ခဲ့သူ ၄ ဦးတို့အား ပြစ်ဒဏ်အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

ချမ်းအေးသာဇံမြို့နယ် ၈၅x၃၂ လမ်းတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့နှင့် လူမှုကွန်ရက်တွင် ဆက်သွယ်ခြင်း၊ အကြမ်းဖက်အားပေး Post များ Share ခြင်း၊ Save ခြင်းများ ကျူးလွန်ခဲ့သူ တရားခံ မြင့်ကိုဦး(ခ)ဥဩ အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ် ကျခံစေရန် လည်းကောင်း၊ အမရပူရမြို့နယ် ခြောက်သွေးသောက်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်ကာ ၎င်းတို့အဖွဲ့အတွင်းသို့ ဝင်ရောက်ရန် ကျူးလွန်ခဲ့သူ တရားခံ မရွှေရတနာ(ခ)ဗုံ တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ် ကျခံစေရန်လည်းကောင်း၊ အမရပူရမြို့နယ် ခြောက်သွေးသောက်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့နှင့်ဆက်သွယ်ကာ ဝင်ရောက်ရန်ကျူးလွန်ခဲ့သူ တရားခံ မနန်းစုရီကို ကလေးသူငယ်ပုဒ်မ ၈၉(င)အရ ၂ နှစ်အတွင်း ကောင်းမွန်စွာနေထိုင်စေပြီး မန္တလေးမြို့ လူငယ်သင်တန်းကျောင်းသို့ ပို့အပ်စေရန်လည်းကောင်း၊ စစ်ကိုင်းမြို့နယ် ဒေါင်းမကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့ဝင်ဦးဖြစ်ကာ ကင်းစောင့်ခြင်း ကျူးလွန်ခဲ့သူ တရားခံ ဝေယံဦး(ခ)ဆင်ဒေါင်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ် ကျခံစေရန်လည်းကောင်း ပြစ်ဒဏ်အမိန့်အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN