နယ်ဘက်တရားရုံးဖြင့် တရားခံ စိုင်းစိုင်းချစ်(ခ)စိုင်းချစ်ကို ပြစ်ဒဏ်ချမှတ်


(ပြည်တွင်း) အောက်တိုဘာ ၁၀

ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တရားရုံးက တရားခံ ၁ ဦးကိုအကြမ်းဖက်သင်တန်းရောက်ခဲ့ခြင်း၊ ပြည်သူပိုင်လမ်းပေါ်တွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ ပြန်ပေးဆွဲခြင်းများ ကျူးလွန်ခဲ့ကြောင်းထင်ရှားပေါ်လွင်သဖြင့် ပြစ်ဒဏ်အမိန့်ချမှတ်လိုက်ကြောင်း သိရပါသည်။

မုံရွာမြို့နယ် မြဝတီရပ်ကွက်တွင်နေထိုင်လျက်ရှိပြီး အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ခြင်း၊ ပြည်သူပိုင်လမ်းပေါ်တွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ ပြန်ပေးဆွဲခြင်းများ ကျူးလွန်ခဲ့သူ တရားခံ စိုင်းစိုင်းချစ်(ခ)စိုင်းချစ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)အရ ကလေးသူငယ်ပုဒ်မ ၈၈(ဃ)အရ ထောင်ဒဏ်(၂)နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၂(က)အရ ကလေးသူငယ်ပုဒ်မ ၈၈(ဃ)အရ ထောင်ဒဏ်(၂)နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ အရ ကလေးသူငယ်ပုဒ်မ ၈၈(ဃ)အရ ထောင်ဒဏ်(၆)နှစ် (တပေါင်းတည်း)ကျခံစေရန် အမိန်ချမှတ်လိုက်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN