ရုရှားကို တိုက်ခိုက်မည့် လေယာဉ်များထားရာ လေယာဉ်ကွင်းများအားလုံး တရားဝင်ပစ်မှတ်ဖြစ်လာမည်


(နိုင်ငံတကာ)ဇွန် ၁၁

ရုရှားကို တိုက်ခိုက်မည့် လေယာဉ်များထားရာ လေယာဉ်ကွင်းများအားလုံး တရားဝင်ပစ်မှတ်ဖြစ်လာမည်


(နိုင်ငံတကာ)ဇွန် ၁၁

ရုရှားကို တိုက်ခိုက်ရာတွင် ယူကရိန်းဘက်မှ ပါဝင်တိုက်ခိုက်ပေးမည့် လေယာဉ်များထားရာ လေယာဉ် ကွင်းများအားလုံးသည် ရုရှားစစ်ဘက်၏ တရားဝင်ပစ်မှတ်များဖြစ်မည်ဖြစ်ကြောင်း ရုရှားလွှတ်တော်အမတ်တစ်ဦး က ဇွန်လ ၁၀ ရက်တွင် သတိပေးသည်။

ယူကရိန်းနိုင်ငံက အနောက်အုပ်စုမှနေ၍ အမေရိကန်နိုင်ငံထုတ် F-16 တိုက်လေယာဉ် ပထမအသုတ်ကို လက်ခံရယူရန် ပြင်ဆင်နေစဉ် ရုရှားဒူးမားလွှတ်တော် ကာကွယ်ရေး ကော်မတီ ဥက္ကဋ္ဌ အန်ဒရေကာ တာပိုလော့ က သတိပေးလာြခင်းဖြစ်သည်။

အကယ်၍ F-16 တိုက်လေယာဉ်များကို ၎င်းတို့၏ မူလရည်ရွယ်ချက်အတိုင်း အသုံးပြုခြင်းမရှိပါက သို့မဟုတ် ယူကရိန်းသို့ ပေးပိုနိုင်ရေးအတွက် ထိန်းသိမ်းထားပါက ထိုတိုက်လေယာဉ် ထောက်ပံ့ပေးသည့်နိုင်ငံများသည် ပစ်မှတ်ထားခံရမည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

သို့သော် ထိုတိုက်လေယာဉ်များသည် ယူကရိန်း မဟုတ်သည့် ပြည်ပနိုင်ငံများရှိ လေယာဉ်ကွင်းများမှ ပျံတက်ကာ ရုရှားစစ်ဘက်ကို တိုက်ခိုက်မှုများ လုပ်ဆောင်လာပါက ထိုလေယာဉ်များ သာမက ၎င်းတို့အခြေစိုက်ရာ လေယာဉ်ကွင်းများအားလုံးသည် ရုရှားတို့၏တရားဝင်ပစ်မှတ်များ ဖြစ်လာမည်ဖြစ်သည်။

ထို့ပြင် ရုရှားစစ်ဘက် အနေဖြင့် မည်သည့်ပစ်မှတ်ကိုမဆို၊ မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်စွမ်းရှိကြောင်း လွှတ်တော်အမတ် က ဆက်ပြောသည်။ ရုရှားကို တိုက်ခိုက်ရေးအတွက် အနောက်အုပ်စုက ထောက်ပံ့ပေးမည့် F-16 တိုက်လေယာဉ်တချို သည် ပြည်ပလေယာဉ်ကွင်းများတွင် အခြေစိုက်သွားမည်ဖြစ်ကြောင်း ယူကရိန်းလေတပ်ထိပ်တန်း တာဝန်ရှိသူ တစ်ဦး က ဇွန်လ ၉ ရက်တွင် ပြောထားသည်။

လက်ရှိတွင် ယူကရိန်းတိုက်လေယာဉ်မှူးတချိုကို F-16 တိုက် လေယာဉ် ကိုင်တွယ်မောင်းနှင်ရေးအတွက် လေ့ကျင့်ပေးလျက်ရှိရာ လေယာဉ်မှူး အရေအတွက်ကိုသာ ယူကရိန်း နိုင်ငံအတွင်း ထားရှိမည်ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

ကျန်ရှိသော တိုက်လေယာဉ်များကိုမူ ရုရှား စစ်ဘက်၏ တိုက်ခိုက်မှုအောက်မှလွတ်မြောက်ရာ ပြည်ပလေတပ်စခန်းများ၌ အရန်အဖြစ်ထားရှိသွားမည် ဖြစ်ကြောင်း ၎င်းက ပြောထားမှုအပေါ် ရုရှားလွှတ်တော်အမတ်က ယခုကဲ့သို့ တုံပြန်လာခြင်း ဖြစ်သည်။

လတ်တလောတွင် ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နော်ဝေနှင့် နယ်သာလန်တို့က ယူကရိန်းနိုင်ငံသို့ F-16 တိုက်လေယာဉ်များ လွှပြောင်းပေးရန် သဘောတူထားသည်။ တစ်ချိန်တည်းမှာပင် အနောက်အုပ်စု က ယူကရိန်း သို့ F-16 တိုက်လေယာဉ်များ လွှဲပြောင်းပေးခြင်းကို နျူကလီးယားအန္တရာယ်တစ်ခုအဖြစ် သတ်မှတ်ကြောင်း၊ NATO အုပ်စု၏ ပူးတွဲနျူကလီးယား စစ်ဆင်ရေးများတွင် ထိုလေယာဉ်များကို အသုံးပြုလာနိုင်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ရော့ က ပြောသည်ဟု RT သတင်းဌာနတွင်ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ