ချက်သမ္မတနိုင်ငံတွင် ရထား ၂ စီးတိုက်မိပြီး ၄ ဦးသေဆုံးကာ ၂၀ ကျော်ဒဏ်ရာရ


(နိုင်ငံတာ) ဇွန် ၆

ချက်သမ္မတနိုင်ငံတွင် ယမန်နေ့ ဗုဒ္ဓဟူးနေ့ညက လူစီးရထားနှင့် ကုန်တင်ရထားတို့ တိုက်မိခဲ့ပြီး လူ ၄ ဦးသေဆုံးကာ ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရပြီး ပြီးဆုံးပါက ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဟု အာဏာပိုင်များမှ ထုတ်ပြန်ထားသည်။

အဆိုပါ လူစီးရထားတွင် ခရီးသည်ပေါင်း ၃၈၀ ဝန်းကျင်တင်ဆောင်ခဲ့ပြီး ယူကရိန်းအနောက်ပိုင်း Chop မြို့သို့ သွားရောက်မည့် ခရီးစဉ်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်တွင် တိုက်မိခဲ့သည့် ကုန်တင်ရထားမှာလည်း အန္တရာယ်ရှိသော စက်မှုဓာတုပစ္စည်းဖြစ်သည့် ကယ်လ်စီယမ်ကာဗိုက်ကို သယ်ဆောင်လာခဲ့သော်လည်း ရထားတွဲ၏ ပထမဆုံး နှစ်တွဲမှာ အလွတ်ဖြစ်သည့်အတွက် ယိုစိမ့်မှုမရှိခဲ့ကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ