ဂါဇာတောင်ပိုင်း ဂျာဘာလီယာနယ်မြေအတွင်းသို အစ္စရေးတင့်ကားများ ထိုးဖောက်ဝင်ရောက်


(နိုင်ငံတကာသင်း) မေ ၁၄

အစ္စရေးစစ်ဘက်မှ တင့်ကားများသည် မေလ ၁၃ ရက်တွင် ဝေဟင်၊ မြေပြင် ပစ်ကူများ ရယူ၍ ဂါဇာ ကမ်းမြောင်တောင်ပိုင်း ဂျာဘာလီယာနယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

အဆိုပါ တင့်ကားများသည် ဂါဇာဒေသ၏ အဋ္ဌမအကြီးဆုံး ဒုက္ခသည်စခန်းနယ်မြေဖြစ်သည့် ဂျာဘာလီယာဒေသ ဗဟိုချက်ဆီသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ဂျာဘာလီယာဒေသ၌ စစ်ဆင်ရေးများ ပြုလုပ်မည် ဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ကြေညာထားပြီးဖြစ်သည်။ ထို့အတူ အီဂျစ်နယ်စပ်အနီးရှိ ရာဖာမြို့ကိုလည်း အစ္စရေးစစ်ဘက်က ဝေဟင်မြေပြင် တိုက်ခိုက်မှုများ မြှင့်တင်လုပ်ဆောင်နေသည်။

ရာဖာမြို့သည် အစ္စရေးနှင့် ဟားမတ်စ်အုပ်စုတို့ကြား စစ်ပွဲကြောင့် ဒုက္ခသည်ဘဝရောက်ခဲ့ရသည့် ပါလက်စတိုင်း လူမျိုး တစ်သန်းကျော်ခိုလှုနေသောနေရာ ဖြစ်သည်။

အစ္စရေးစစ်ဘက်အနေဖြင့် ရာဖာမြို့ကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ပါက အရပ်သားသေဆုံးမှု မြင့်တက်လာမည့်အရေးကို နိုင်ငံတကာက စိုးရိမ်လျက်ရှိကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews/22567

PAN

SZ