(မှုခင်း) ဇူလိုင် ၂၇
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မအူတောအုပ်စု၊ မအူတောကျေးရွာတွင် အမျိုးသား(၁) ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၇ရက် နံနက်၈နာရီခွဲအချိန်က မအူတောကျေးရွာနေ ဦးဝင်းအောင်၊ ၅၃နှစ်၊ (ဘ)ဦးပေါက်စ ဆိုင်ကယ်ကယ်ရီမောင်း အား ၎င်း၏ ၄ပင် ၃ ပင်၊ သွပ်မိုး၊ ပြင်ခင်း၊ ထရံကာနေအိမ် အတွင်း၌ နေအိမ်ရှေ့ဘုရားစင်အနီး
အမြင့်ပေ ၆ပေခန့်ရှိ နေအိမ်ထုတ်တန်းတွင် အရှည် ၇ ပေခန့်ရှိ အစိမ်းရောင်နိုင်လွန်ကြိုးဖြင့် လည်ပင်ကြိုးကွင်းစွပ်လျှက်(ဒူးတုတ်၊ သရေကျ၊ လက်ကုတ်)အနေအထားဖြင့် သေဆုံးနေကြောင်း သိရသည်။

ဖြစ်စဉ်တွင် သေဆုံးသူ ဦးဝင်းအောင်၏ သားဖြစ်သူ မောင်ကျော်ဇင်သန့်၊ ၂ဝနှစ်၊ (ဘ)ဦးဝင်းအောင်အား မေးမြန်းခဲ့ရာ ၎င်းသည် နံနက်(၇)နာရီအချိန်တွင် အလုပ်သွားရန်အတွက် နေအိမ်မှထွက်လာခဲ့ကြောင်း၊
မိခင်ဖြစ်သူမှလည်း ဘုန်းကြီးကျောင်း သို့ လုပ်အားပေးသွားရောက်ကြောင်း၊ နေအိမ်တွင် ၎င်း၏ဖခင်ဖြစ်သူ(၁)ဦးတည်းသာ ကျန်ရှိ နေခဲ့ရာ ၎င်းသည် အလုပ်သွားရန်ကားအားစောင့်နေပြီး ကားမမီလိုက်သဖြင့် (၇)နာရီခွဲ အချိန်ခန့်တွင်
နေအိမ်သို့ပြန်လာခဲ့စဉ် ဖခင်ဖြစ်သူအား နေအိမ်ရှေ့ဘုရားစင်အနီး နေအိမ် ထုတ်တန်းတွင် အစိမ်းရောင်နိုင်လွန်ကြိုးဖြင့် ဒူးတုတ်လျှက်အနေအထားဖြင့် သေဆုံးနေ သည်ကိုတွေ့ရှိခဲ့ရကြောင်း၊
ဖခင်ဖြစ်သူမှာ အရက်သောက်ထားကြောင်း၊ အရက်သောက် ထားပြီးလျှင် စိတ်အနေအထားမှာ ပုံမှန်အခြေအနေမဟုတ်ဘဲ အမြဲစိတ်လွတ်နေတတ်ကြောင်း သားဖြစ်သူ၏ ပြောကြားချက်အရ သိရသည်။
သေဆုံးသူ ဦးဝင်းအောင်အလောင်းအား ပြည်စံအောင် ကျေးရွာမှ ဂရုဏာရှင်လူမှုကူညီရေးယာဉ်ဖြင့် ဇမ္ဗူသီရိမြို့နယ်၊ ခုတင် (၁၀၀၀)ဆေးရုံကြီးသို့ပို့ဆောင်ထားရှိပြီး ကြိုးဆွဲးချသေဆုံးမှုနှင့်ပတ်သက်၍
ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews