လမ်းပေါ်တက်ဆက်ကြေးတောင်းနေသည့် PDF ကို စစ်ကြောင်းကဝင်တိုက်

(ပြည်တွင်း) ဧပြီ ၂၇

ရွှေဘိုမြို့နယ် မင်းကုန်းကျေးရွာအနီးမှ တံတားပေါ်တွင် ဆက်ကြေးတက်ကောက်နေသည့် PDF အကြမ်းဖက် PDF များအား တပ်မတော်စစ်ကြောင်းမှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရွှေဘို-ဆိပ်ခွန်-ထူးကြီး-ဥသျှစ်ကြီး-နောင်ကြီးအိုင်-အရာတော်-မုံရွာလမ်းပိုင်းမှ ရွှေဘိုမြို့အဝင်မူးဘောင်ပေါ်၌ ဆောက်လုပ်ထားသည့် တံတားပေါ်တွင် ယနေ့ ဧပြီလ ၂၇ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် PDF များမှ ခရီးသွားများအား.ဆက်ကြေးတက်ရောက်တောင်းခံနေခဲ့ခြင်းဖြစ်သည်။

နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့ဝင်များသည် အကြမ်းဖက် PDF များက ကျေးရွာတံတားပေါ်တွင် ခရီးသွား ပြည်သူများအား စစ်ဆေးကာ အတင်းအဓမ္မ ဆက်ကြေးကောက်နေကြောင်း သတင်းအရ အလစ်အငိုက် ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် PDF ၂ လောင်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၁ လက်၊ -KIA မောင်းပြန်ရိုင်ဖယ်သေနတ် ၂ လက်၊ လက်လုပ်စနိုက်ပါသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၁၁၈ တောင့်၊ကျည်အိမ်မျိုးစုံ ၇ ခု တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#PAN