ကော့ကရိတ်မြို့ခံတွေအတွက် KNU ထားခဲ့သည့် မိုင်းလက်ဆောင်ကို တပ်ကဖယ်ရှား

(ပြည်တွင်း)ဧပြီ ၂၇

အောင်ဇေယျစစ်ဆင်ရေးကြောင့် KNU လက်အောက်ခံသောင်းကျန်းသူများဖြစ်သည့် KNLA /KNDO နှင့် PDF ကျားဖြူစစ်ကြောင်းတ်ို့က မိုင်းများထောင်ကာ ကော့ကရိတ်မြို့မှ တစဥ့်ကလျားထွက်ပြေးသွားခဲ့ကြသည်။

အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် မိုင်းများအား ကော့ကရိတ်မြို့တွင်းတွင် နယ်မြေရှင်းလင်းနေသော တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းစဥ် မိုင်းများတွေ့ရှိရသည့်အတွက် ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းမှ ရှင်းလင်းပေးခဲ့သည့် မိုင်းများမှာ ကော့ကရိတ်မြို့တွင်း ရပ်ကွက်များရှိ ပြည်သူနေထိုင်၍ရသော အိမ်အချို့တွင် အကြမ်းဖက်သောင်းကျန်းသူများမှ ထောင်ထားခြင်းဖြစ်သည့်အတွက် အဆိုပါမိုင်းများကို ရှင်းလင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#PAN