ကော့ကရိတ်မြို့နယ်အတွင်း KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများကို လိုက်လံရှင်းလင်းရာ အကြမ်းဖက်သမားများ၏ အလောင်း၊ လက်နက်များ သိမ်းဆည်းရမိ

(ပြည်တွင်း)ဧပြီ ၂၂

     ကော့ကရိတ်မြို့နယ်၊ လေသာဘုန်းကြီး ကျောင်း အနီးဝန်းကျင်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း ဒေသခံများ၏သတင်းပေးမှုကြောင့် ယမန်နေ့ မွန်းလွဲပိုင်းက တပ်မတော်မှ UAV ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ပြီး မြေပြင်တပ်များက  အသေးစိတ်ရှင်းလင်းခဲ့သည်ဟု သိရသည်။

       အဆိုပါ တိုက်ပွဲတွင် တပ်မတော်စစ်ကြောင်း ဘက်ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားအလောင်း ၂ လောင်း၊ M-16 ၁ လက်၊ AK-47 ၁ လက်၊ ကျည်အိမ်မျိုးစုံ ၄ ခု၊ ကျည် ၂၅၀ ခန့်
သိမ်းဆည်းရမိကြောင်း သိရှိရသည်။

       အလားတူ တပ်မတော်စစ်ကြောင်းများသည် ဆက်လက်နယ်မြေရှင်းလင်းရာ ကော့ကရိတ်မြို့နယ်၊ ကြောင်ရှာကုန်းရွာအနီးတွင် KKO(ခွဲထွက်)အဖွဲ့များဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ဖြစ်စဉ်တွင် တပ်မတော်စစ်ကြောင်း ဘက်ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သောင်းကျန်းသူများထံမှ M-79 တစ်လက်၊ M-16 တစ်လက်၊ ကျည်အိမ်မျိုးစုံ ၄ ခု၊ ကျည်ကာဦးထုပ် ၄ လုံး၊ ၄၀ မမ ဗုံးသီး ၃ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/positiveanglenews

#PAN