စီးရီးအေချန်ပီယံဆုကို အကြိမ် ၂၀ မြောက် ဆွတ်ခူးနိုင်ခဲ့တဲ့ အင်တာ

ဧပြီ ၂၃

မနေ့ညက ကစားခဲ့တဲ့ မီလန်ဒါဘီပွဲစဉ်မှာ‌တော့ ‌အင်တာမီလန်က အေစီမီလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဒီရာသီရဲ့ စီရီးအေချန်ပီယံဖြစ်သွားခဲ့ပါတယ်။

အင်တာမီလန်ဟာ ဒီရာသီမှာ ချန်ပီယံဖြစ်သွားခဲ့တာကြောင့် စီးရီးအေသမိုင်းမှာ အမှတ်ပေးဆုဖလားကို အကြိမ် ၂၀ မြောက် ရယူနိုင်ခဲ့တဲ့ အသင်းလည်းဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ အေစီမီလန်ကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ‌အင်တာမီလန်ဟာ စီးရီးအေသမိုင်းမှာ အမှတ်ပေးဆုဖလား ၁၉ ကြိမ်ရရှိထားခဲ့တဲ့ အေစီမီလန်ကို ကျော်ဖြတ်ပြီး အကြိမ် ၂၀ နဲ့ ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်လာခဲ့ပါတယ်။