ကချင်ပြည်နယ် တိုက်ပွဲသတင်း


မတ်လ ၁၁

ကချင်ပြည်နယ် တိုက်ပွဲသတင်း


မတ်လ ၁၁

လိုင်ဇာ

ယ‌နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှစတင်ကာ လိုင်ဇာအနီး ဝန်းကျင်၊ မိုးမောက်မြို့နယ်နှင့် ဖားကန့်မြို့ နယ်များအတွင်းရှိ နေရာအနှံ့ရှိ လုံခြုံရေးတပ်ဖွဲ့၀င်အင်အားနည်းသော ရှေ့တန်းခံစစ်စခန်းငယ်များကို ပစ်မှတ်ထားပြီး အကြမ်းဖက်အဖွဲ့များက ထပ်မံထိုးစစ်ဆင်နေခြင်းကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိနေကြောင်း ဒေသခံများထံမှသိရှိရ ပါသည်။

ဝိုင်းမော်

ယနေ ၄ နာရီပချိန်ခန့်ထိ ဝိုင်းမော် အောင်မြေ(၁)ရွာအနီးတဝိုက်တွငတပ်မတော်မှ လေကြောင်ပစ်ကူယူပြီးခြေ လျင်တပ်များ လုံးထွေးတိုက်ခိုက်နေကြောင်း သိရသည်။

လိုင်ဇာ

ကချင်ပြည်နယ် KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာအနီး ဘွမ်ရေတောင်ကြောရှိ နောင်ဝ်ရာဇိန်ခန် စစ်တပ်ရှေ့တန်းစခန်းကို ယနေ့ နံနက် ၅ နာရီအချိန်တွင် အကြမ်းဖက် KIA /PDFအဖွဲ့များက အင်အား ၁၀၀ ကျော်ခန့်ဖြင့် ပိတ်ဆို့တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရှိရပါသည်။

ဖားကန့်မြို့

ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ်ချိန်တွင် ဖားကန့်မြို့၊ ဆိပ်မူအုပ်စု၊ နန့်မှော်ကျေးရွာအနီးတွင် ကသိုဏ်းတောင်ဘက်မှဆင်းလာသည့် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် KIA/KPDF ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး မွန်းလွဲ ၁ နာရီအချိန်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ဗန်းမော်မြို့

ယနေ့ နံနက် ၇ နာရီချိန်ခန့်တွင်ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးတဝိုက်ကကျေးရွာများတွင် နှစ်ဘက်တိုက်ပွဲဖြစ်နေပြီး နှစ်ဘက်တပ်များပစ်ခတ်သည့် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့၍ အရပ်သားသေဆုံး နေအိမ်များပျက်စီးသည့်ဖြစ်စဉ်များရှိနေကြောင်း၊ဗန်းမော်မြို့ပေါ်ရှိ ရိုးကြီးရပ်ကွက်နှင့် မြို့သစ်၊ မံဖာနှင့် နှစ်နှစ်ရာဘက်တို့တွင် ယနေ့ မွန်းလွဲပိုင်းက လက်နက်ကြီး ၄ လုံးကျရောက်ပေါက်ကွဲခဲ့၍ လူနေအိမ်နှင့် ဈေးဆိုင်များ ထိခိုက်ပျက်စီးခဲ့သည်ဟု ဗန်းမော်ဒေသခံ များထံမှသိရှိသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN