ရီးရဲလ်ကွင်းလယ်လူ ဘယ်လင်ဂမ် (၂)ပွဲပယ်ခံရ

မတ် ၈

ရီးရဲလ်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ဗလင်စီယာနဲ့(၂)ဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ အနီကတ်ပြသခံခဲ့ရတဲ့အတွက် လာလီဂါ(၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

မတ်လ(၃)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ဗလင်စီယာ (၂-၂) ရီးယဲလ်ပွဲတွင် ဘယ်လင်ဟမ်သည် မိနစ် (၉၀) ပြည့်ပြီး နာကျင်အချိန်ပို(၆)မိနစ်တွင် ခေါင်းတိုက်ကာ ရီးယဲလ်အတွက် အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

သို့သော် ကွင်းလယ်ဒိုင် မန်ဇာနိုက ဘယ်လင်ဟမ် ခေါင်းမတိုက်မီကပင် ပွဲသိမ်းခရာ မှုတ်ပြီးပြီဟုဆိုကာ ယင်းဂိုးကို ခွင့်ပြုခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ပွဲအပြီးတွင် ဘယ်လင်ဟမ်က စောဒကတက်ခဲ့ရာ အနီကတ်အပြခံခဲ့ရခြင်းဖြစ်ပါတယ်။

ယခုအခါ စပိန်ဘောလုံးအဖွဲ့ချုပ်က ဘယ်လင်ဟမ်အနေဖြင့် ဒိုင်လူကြီးအပေါ် လေးစားမှုမရှိဟုဆိုကာ အနီကတ်ပြစ်ဒဏ်အတွက် (၂) ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သလို၊ ဒဏ်ငွေ ယူရို (၆၀၀) တပ်ရိုက်ခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ အဆိုပါပြစ်ဒဏ်ကြောင့် ဆယ်လ်တာဗီဂို၊ အိုဆာဆူနာတို့နှင့်ပွဲများကို လွဲချော်မည်ဖြစ်ပါတယ်။ လက်ရှိမှာ ရီးရဲလ်ဟာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ (၇)မှတ်အသာနဲ့ဦးဆောင်နေပါတယ်။