မျက်စိကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာတွေ


မတ် ၅

ခန္ဓာကိုယ်အတွက် အထောက်အကူပြုပေးတဲ့ အိုမီဂါအဆီဓာတ်တွေပါဝင်တဲ့ငါးတွေဟာ ခန္ဓာကိုယ် တစ်ရှူးတွေကို ကောင်းမွန်စေပါတယ်။ အိုမီဂါ ၃ အက်ဆစ်ဟာ မျက်စိကျန်းမာရေးကို အ‌ကောင်းဆုံး အထောက် အကူပေးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ တူနာ၊ ဆော်လမွန်နဲ့ ဆာဒင်းငါးတိုဟာ အိုမီဂါဓာတ် အမြင့်မားဆုံးပါဝင်တဲ့ ငါးတွေ ဖြစ်ပါတယ်။

အစေ့အဆံတွေမှာလည်း မျက်စိကိုအထောက်အကူပြုတဲ့ အိုမီဂါအက်ဆစ်ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်အီး မြင့်မားစွာပါဝင်လို အသက်အရွယ်ကြောင့် ဖြစ်တဲ့ မျက်စိမှုန်ခြင်းကိုပါ ဟန့်တားပေးနိုင်ပါသေးတယ်။

အရည်ရွှမ်းတဲ့ အသီးတွေမှာ ဗီတာမင်စီအပြင် ဗီတာမင်အီးတိုပါ ကြွယ်ဝစွာပါဝင်ပါတယ်။ ကျန်းမာရေး အဖွဲအစည်းတစ်ခုဖြစ်တဲ့ AOA အဖွဲရဲ့ ထုတ်ပြန်ချက်အရ ဗီတာမင်အီးနဲ့ ဗီတာမင်စီတိုမှာပါတဲ့ antioxidant ဓာတ်တွေဟာ အသက်အရွယ်ကြောင့်ရလာတဲ့ မျက်လုံးထိခိုက်တာကို ကာကွယ်နိုင်တယ်လို ဖော်ပြထားပါတယ်။ လိမ္မော်သီး၊ သံပုရာသီးနဲ့ ဂရိတ်ဖ
ရုအသီးတွေမှာ အများဆုံးပါတတ်ပါတယ်။

အစိမ်းရင့် ရောင်ဟင်းသီးဟင်းရွက်တွေမှာတော့ လူတင်းနဲ့ zeaxanthin ဓာတ်တိုပါဝင်တာကြောင့် မျက်စိကို ဗီတာမင်စီအထောက်အကူပြုသလိုမျိုး အထောက်အပံ့ပေးနိုင်ပါတယ်။ အစိမ်းရင့်ရောင် အသီးအရွက်တွေကတော့ ဟင်းနုနွယ်၊ ကိုက်လန်နဲ့ ဂေါ်ဖီစိမ်းတို ဖြစ်ပါတယ်။

မုန်လာဥနီမှာတော့ ဗီတာမင်အေ အများအပြားပါဝင်ပြီး အမြင်အာရုံကို အဓိက အထောက်အပံ့ ပေးနိုင်ပါတယ်။ မုန်လာဥနီမှာပါတဲ့ လိမ္မော်ရောင် ဓာတ်ပေါင်းဟာ Rhodopsin လိုခေါ်တဲ့ ဓာတ်တစ်မျိုးကိုလည်း ရစေပြီး အလင်းရောင်ကြောင့် မျက်စိပျက်ခြင်းကို သက်သာစေပါတယ်။ ကန်စွန်းဥမှာလည်း Beta carotene ဓာတ်တွေပါဝင်ပြီး ဗီတာမင်အီးကို အများဆုံးထုတ်ပေးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။

အမဲသားမှာတော့ သံဓာတ်ပါဝင်တာကြောင့် မျက်စိကျန်းမာရေးကို ရေရှည် အထောက်ကူပြုရုံသာမက သံဓာတ်ဟာ မျက်စိအာရုံကြောနဲ့ ပတ်သတ်တဲ့ရောဂါတွေကို တားဆီးပေးနိုင် ပါသေးတယ်။ ကြက်ရင်အုံသားနဲ့ ဝက်လိုင်းသားတို့မှာလည်း သံဓာတ်ပါဝင်ပေမဲ့ အမဲသားထက်‌တော့ ပါဝင်နှုန်းများစွာ လျော့နည်းပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website -www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN