ကုန်စျေးနှုန်းသတင်း


မတ် ၄

မတ်လ ၄ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစဉ်းငုံနီနဲ့ မတ်ပဲဈေးတွေ တက်လာသလို ကုလားပဲနဲ့ ပြောင်းဆန်ဈေးတွေလည်း အနည်းငယ် တက်လာပါတယ်။

ပဲကြီးနဲ့ ဘိုကိတ်ပဲဈေးတွေ အနည်းငယ် ကျဆင်းလာပြီး အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ ငရုတ်၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီဈေးတွေလည်း အနည်းငယ် ကျဆင်းနေပါတယ်။

မတ်ပဲ (FAQ/RC) တစ်တင်းကို ၉၅,၂၀၇ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၀၁,၉၅၇ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၄,၇၇၅ ကျပ်ကနေ ၄,၈၁၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၂,၁၄၃ ကျပ်၊ ကုလားပဲဖြူလုံး တစ်ပိဿာကို ၄,၁၆၅ ကျပ်ကနေ ၄,၅၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၈၆၅ ကျပ်ကနေ ၅,၃၁၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၀၅၀ ကျပ်ကနေ ၁,၀၇၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၂,၈၃၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၅,၈၃၅ ကျပ်၊ ပဲယင်းနီ တစ်ပိဿာကို ၃,၄၁၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၄၁၅ ကျပ်ကနေ ၃,၅၈၅ ကျပ်၊ ပဲပုပ် မြစ်ဝကျွန်းပေါ် (ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၃,၀၈၀ ကျပ်ကနေ ၃,၂၂၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၈၀၀ ကျပ်ကနေ ၃,၇၀၀ ကျပ်၊ ကြက်သွန်ဖြူ (အောင်ပန်း) တစ်ပိဿာကို ၁၆,၀၀၀ ကျပ်ကနေ ၁၇,၃၀၀ ကျပ်၊ ငရုတ် (ပန်းရဲ) တစ်ပိဿာကို ၇,၅၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၁,၈၀၀ ကျပ်ကနေ ၂,၂၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၅,၆၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၁,၉၀၀ ကျပ်ကနေ ၃,၁၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၁၅၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၅,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ် ဖြစ်ပေါ် နေပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက် အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၆၄ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃,၆၂၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၂,၆၇၀ ကျပ် ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ် ထုတ်ပြန်ချက်အရ –
-Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၇၁၅ ကျပ်၊ မန္တလေးမှာ ၂,၇၆၅ ကျပ်၊ နေပြည်တော်မှာ ၂,၇၆၀ ကျပ်။
-Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၃၅ ကျပ်၊ မန္တလေးမှာ ၂,၈၈၅ ကျပ်၊ နေပြည်တော်မှာ၂,၈၈၀ ကျပ်။
-ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၄၈၅ ကျပ်၊ မန္တလေးမှာ ၂,၅၃၅ ကျပ်၊ နေပြည်တော်မှာ ၂,၅၃၀ ကျပ်။
-Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၂၅ ကျပ်၊ မန္တလေးမှာ ၂,၅၇၅ ကျပ်၊ နေပြည်တော်မှာ၂,၅၇၀ ကျပ် ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၃,၇၅၆,၆၀၀ိ/-) သုံးဆယ် ခုနစ်သိန်း ငါးသောင်း ခြောက်ထောင် ခြောက်ရာ ကျပ် ရှိပြီး ပြင်ပ ပေါက်ဈေးမှာ (၃,၉၄၀,၀၀၀ိ/-) သုံးဆယ် ကိုးသိန်း လေးသောင်း ကျပ် ရှိနေတယ်လို သိရပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN