သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်းဘုရားအနီးရှိ ရန်ကုန်-မော်လမြိုင်လမ်းကြီးပေါ် ရှိ တံတားကို အကြမ်းဖက်အဖွဲ့မှ မိုင်းခွဲဖျက်ဆီး


ဖေဖော်ဝါရီ ၂၈
ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်းဘုရားအနီး ရန်ကုန်-မော်လမြိုင်လမ်းကြီးပေါ် ရှိ မိုးကောင်းကျေးရွာရှိ မိုင်တိုင်အမှတ် ၁၃၅/၇ နှင့် ၁၃၆/၀ ကြားရှိတံတားကို KNU,PDFများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးရာတံတားအားလုံးကျိုးကျသွားခဲ့သဖြင့် ၎င်းလမ်းကိုအမှိီပြုသွားလာ‌နေသော ကားများပိတ်မိသွားရာ ဆက်သွယ်သွားလာမှုရပ်တန့်သွားကြောင်း သိရှိရပါသည်။

အချို့သောကားသေးများမှာ ကင်းမွန်းချုံ- ကျွန်းလေး လမ်းမှပတ်ကာဖြတ်သန်းနေသော်လည်း ကားကြီးများသွားလာ၍မရေကြာင်း၊ အဆိုပါတံတားမိုင်းခွဲခံရမှုကြောင့်လမ်းဘေးဘယ်ညာအိမ်၂ လုံးထိခိုက်ပျက်စီးပြီး ပြည်သူဖြိုးဝေအောင်၏လည်ပင်းပေါက်ကွဲမှုဖြစ်စဉ်မှ
အစနများမှန်(မစိုးရိမ်ရ)ကာ သထုံခရိုင်ဆေးရုံ၌ တက်ရောက်ကုသနေကြောင်း သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews