တောမီးကြောင့် လူပေါင်း ၃၀၀၀၀ ကျော်အား ဘေးလွတ်ရာရွှေ့ပြောင်းရန် ဩစတေးလျအမိန့်ထုတ်


ဖေဖော်ဝါရီ ၂၈

ဩစတေးလျနိုင်ငံတွင် မကြာမှီနှစ်များအတွင်း အဆိုးရွားဆုံးသော တောမီးအန္တရာယ်ကြောင့် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။

နိုင်ငံတောင်ပိုင်းနှင့် ဗစ်တိုးရီးယားဒေသများတွင် ခြောက်သွေ့ပြီး ပြင်းထန်သည့် လေတိုက်နှုန်းကြောင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်နိုင်ကြောင်း ဩစတေးလျမိုးလေဝသမှ ခန့်မှန်းထုတ်ပြန်ထားသည်။

ဩစတေးလျအာဏာပိုင်များသည် ဒေသခံများအနေဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဗုဒ္ဓဟူးနေ့ မွန်းမတည့်မှီထွက်ခွာရန် အမိန့်ထုတ်ထားကြောင်းသိရသည်။

ဩစတေးလျမီးသတ်တပ်ဖွဲ့သည် နိုင်ငံ၏ ဒုတိယလူဦးရေအများဆုံးဖြစ်သည့် မဲလ်ဘုန်းမြို့နှင့် မိုင် ၁၀၀ ဝန်းကျင်အကွာရှိ Bayindeen ဒေသတွင် တောမီးလောင်မှုကို ခက်ခက်ခဲခဲ ငြှိမ်းသတ်နေရ လက်ရှိအချိန်အထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်းသိရသည်။

ဩစတေးလျတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှ ၂၀၂၀ အထိ တောမီးလောင်ကျွမ်းမှုကြောင့် လူ ၃၃ ဦးသေဆုံးခဲ့ပြီး အဆိုပါတောမီးအား နွေရာသီ အနက်ရောင်တောမီးဟု အမည်ပေးခဲ့သည်။

PAN