ဆော်ဒီထိပ်တန်း ကလပ်အသင်းများက ဒီဘရိုင်းကို ခေါ်ယူရန်စီစဉ်

ဖေဖော်ဝါရီ ၂၈

ဆော်ဒီထိပ်တန်း ကလပ်အသင်းကြီးများက လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် မန်စီးတီး ကွင်းလယ်ကစားသမားကို ဒီဘရိုင်းကို အပြိုင်ခေါ်ယူရန် စီစဉ်နေပါတယ်။

မန်စီးတီးအသင်းက ၎င်းတို့၏ ကစားသမားကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ဆော်ဒီထိပ်တန်း ကလပ်အသင်းကြီးများက ပရီးမီးယားလိဂ်မှ ထိပ်တန်းကစားသမားများဖြစ်သည့် မန်ယူအသင်းမှ ကက်စ်မဲရိုးနှင့်ဗာရန်း၊ လီဗာပူးအသင်းမှ ဆာလက်ချ်၊ စပါးအသင်းမှ ဆွန်ယောင်မင် တို့အပြင် မန်စီးတီးအသင်းမှဒီဘရိုင်းကိုပါ‌ ခေါ်ယူရန် စီစဉ်နေခြင်း ဖြစ်ပါတယ်။

‌အသက် ၃၂ နှစ်အရွယ် ဒီဘရိုင်းဟာ လက်ရှိတွင် မန်စီးတီးအသင်း၏ အဓိကကွင်းလယ်ကစား သမားတစ်ဦးအဖြစ် ခြေစွမ်းပြလျက်ရှိနေကာ စာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ် ဇွန်လအထိကျန်ရှိနေသေး သော်လည်း အသက်အရွယ်အပိုင်းအခြားနှင့် မကြာခဏဒဏ်ရာ ရရှိနေမှုများကြောင့် မန်စီးတီးအသင်းက မြင့်မားသည့် ပြောင်းရွှေ့ကြေးရရှိပါက ဒီဘရိုင်း ကို ရောင်းချဖွယ်ရှိနေခြင်းဖြစ်ပါတယ်။

ဆော်ဒီထိပ်တန်းကလပ် အသင်းကြီးများက ပြီးခဲ့သည့် နွေရာသီကစားသမားအပြောင်းအရွှေ့ကာလက ပရီးမီးယားလိဂ်မှ ထိပ်တန်းကစားသမားများ ဖြစ်သည့် မာရက်ဇ်၊ ဖာဘင်ဟို၊ ဖာမီနို၊ ကန်တီ အစရှိသည့် ကစားသမားများကို ခေါ်ယူခဲ့သကဲ့သို့ လာမည့်နွေရာသီကစားသမားအပြောင်းအရွှေ့ကာလ တွင်လည်း ပရီးမီးယားလိဂ်မှ ထိပ်တန်းကစားသမားများကို မြင့်မားသည့်လုပ်ခလစာများဖြင့် ခေါ်ယူရန် ပြင်ဆင်လျက်ရှိနေပါတယ်။