ချောက်မြို့နယ်တွင် စားသောက်ဆိုင်တွင် ထိုင်နေသည့် အမှတ်(၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဆိုင်ကယ်စီးလာသည့် အကြမ်းဖက် PDFနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခက်


ဖေဖော်ဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် အမှတ်(၁၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးကို ဆိုင်ကယ်စီးလာသည့် အကြမ်းဖက် PDF နှစ်ဦးမှ စားသောက်ဆိုင်းအတွင်း၀င်ရောက်ကာ သေနတ်ဖြင့် ပစ်ခက်သဖြင့် သေဆုံးသွားကြောင်း သိရသည်။

ယနေ့ည ၈ နာရီခွဲအချိန်ခန့်က အမှတ်(၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၀င်း၊ (ဘ)ဦးဟန်ညွှန့်၊ အသက် ၄၂ နှစ်၊ မသားသား၊ (ဘ)ဦးတင်ရွှေတို့မှာ အောင်ရတနာ(၂) စားသောက်ဆိုင်တွင် ထိုင်နေစဥ် အမည်မသိ အင်္ကျီ အနက်ရောင်၀တ်ဆင်ပြီး အနော်ရထာတံတားချဥ်းကပ်လမ်းမှ ဆိုင်ကယ်စီးလျှက် ဆိုင်းအတွင်း၀င်ရောက်ကာ သေနတ်ဖြင့် ၇ ချက်ခန့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခက်မှုကြောင့် အုပ်ချုပ်ရေးမှူး အောင်ကိုကို၀င်းမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး၊ မသားသားတွင် ၀မ်းဗိုက် ဘယ်ညာဖောက်၀င်ဒဏ်ရာ ၂ ချက်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

#PAN