နိုင်ပွဲဆက်နေတဲ့ အလွန်ဆိုရဲ့ လေဗာကူဆင်

ဖေဖော်ဝါရီ ၂၁

နည်းပြ ဇာဗီ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းဟာ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပွဲစဉ်(၂၂)တွင် အဝေးကွင်းမှာ ဟိုင်ဒန်ဟိမ်းအသင်းကို (1:2)ဂိုးနဲ့ နိုင်ပွဲထပ်မံရယူနိုင်ခဲ့ပါတယ်။

ဟိုင်ဒန်ဟိမ်း နဲ့ ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် နောက်ခံလူ ဖရင်းပေါင် နဲ့ အက်လီ တို့ရဲ့ သွင်းဂိုးများဖြင့် (၃)ပွဲဆက် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းဟာ ပြိုင်ဘက် ဘိုင်ယန်မြူးနစ်(၂)ပွဲဆက် ရှုံးနိမ့်မှုကြောင့် အမှတ်ပေးဇယားထိပ်တွင် (၈)မှတ်ဖြတ်ကာ ဦးဆောင်နေပြီး ချန်ပီယံဆုရရန် ရေပန်းစားနေပါတယ်။

လေဗာကူဆင်အသင်းဟာ ယခုနှစ်ရာသီပြိုင်ပွဲစုံ (၃၂)ပွဲကစားထားပြီး (၂၈)ပွဲနိုင် (၄)ပွဲသရေရလဒ် စွမ်းဆောင်ထားနိုင်ပါတယ်။ နည်းပြအရည်အသွေးမြင့်မားစွာ ပြသထားနိုင်တဲ့ အလွန်ဆိုကို ဥရောပအသင်းကြီးများက ခန့်အပ်ရန် အလိုရှိ​နေသူတစ်ဦးဖြစ်ပါတယ်။