ကာတာအိုးပင်းက‌နေ နုတ်ထွက်လိုက်တဲ့ နာဒယ်


ဖေဖော်ဝါရီ ၁၈

နာမည်ကျော် စပိန်တင်းနစ်သမား နာဒယ် ဟာ ဒဏ်ရာကနေ မသက်သာသေးတာကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်မှာ စတင်မယ့် ကာတာအိုးပင်းပြိုင်ပွဲ လူစာရင်းကနေ နုတ်ထွက်သွားခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိတဲ့ နာဒယ် ဟာ ဒဏ်ရာပြဿနာတွေကြောင့် ၁ နှစ်နီးပါး အနားယူခဲ့ရပြီး ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ ဩစတြေးလျ အိုးပင်းမှာ ပြန်ကစားဖိုစီစဉ်ထားခဲ့ပေမယ့် တင်ပါးဒဏ်ရာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရသူ ဖြစ်ပါတယ်။

အဲဒီနောက် ကာတာအိုးပင်းမှာ ပြန်ကစားနိုင်ဖို ထပ်မံမျှော်လင့်ထားခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ ဒဏ်ရာက မသက်သာသေးလို ပြိုင်ပွဲဝင်စာရင်းကနေ နုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။

ဂရင်းစလမ် ချန်ပီယံဆုကို (၂၂)ကြိမ်ရရှိခဲ့ဖူးတဲ့ နာဒယ် ဟာ ကာတာအိုးပင်းချန်ပီယံဆုကိုလည်း ၂၀၁၄ မှာ ရရှိသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နာဒယ် ဟာ ဒဏ်ရာအခြေအနေ တိုးတက်ကောင်းမွန်လာဖိုအတွက် လေ့ကျင့်မှုတွေပြုလုပ်နေပြီး ဘယ်အချိန်မှသာ ပြိုင်ပွဲတွေကို ပြန်ကစားနိုင်မယ်ဆိုတာကတော့ အတိအကျ မပြောနိုင် သေးဘူးလို သူ့ရဲ့လူမှုကွန်ရက်မှာ ပြောကြားထားပါတယ်။