CMP ကဏ္ဍမြှင့်တင်ရေး လိုအပ်သောသွင်းကုန်များအတွက် လိုင်စင်လွယ်ကူရန် ကူညီမည်ဟုဆို


ဖေဖော်ဝါရီ ၁၆

CMP ပိုကုန်တိုးမြှင့်တင်ပိုနိုင်ရန် လိုအပ်သောသွင်းကုန်များအတွက် လိုင်စင်လွယ်ကူရန် ကူညီသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက အသိပေးထားပါတယ်။

အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးရဲ့ လမ်းညွှန်ချက်နဲ့ CMP ပိုကုန်တိုမြှင့်ရေးအတွက် လိုအပ်သော သွင်းအားစုများရဲ့ သွင်းကုန်လိုင်စင် လွယ်ကူစွာရရှိနိုင်ရေးအတွက် သတင်းအချက်အလက် တောင်းခံစာကို ဖေဖော်ဝါရီ ၁၄ ရက် ရက်စွဲနဲ့ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းဝင် စက်ရုံ/ ကုမ္ပဏီများကို ပေးပိုထားကြောင်း သိရပါတယ်။

လိုအပ်သော သွင်းအားစုများဖြစ်သည့် စက်၊ စက်အရံပစ္စည်း၊ စက်ဆီချောဆီ၊ CPM အထည်ချုပ် လုပ်ငန်းမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းများရဲ့ သွင်းကုန်လိုင်စင်များ လွယ်ကူစွာရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါအကြောင်းကြားစာမှာ ဖော်ပြထားပါ တယ်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အသင်းဝင်စက်ရုံများအနေနဲ့ ပူးတွဲပါဇယားများကို Excel Sheet နဲ့ဖြည့်စွက်ပြီး Soft Copy ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်၊ ညနေ ၄ နာရီမတိုင်မီ နောက်ဆုံးထားကာ mgma @ myanmargarments .org သို ပေးပိုရန် အကြောင်းကြားထားတာဖြစ်ပါတယ်။