ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ ရွာလမ်းမကြီးပေါ်တွင် ဒုစရိုက်သမားများက လူတစ်ဦးရိုက်နှက်သတ်ဖြတ်


ဖေဖော်ဝါရီ ၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊ လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ ရွာလမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ဦးချစ်သန်း၊ ၅၉ နှစ်သည် ဆိုင်ကယ်ဖြင့် ကျောက်ပွဲတိုက်ရန် သွားနေသည့်အချိန်တွင် ဒုစရိုက်အဖွဲ့၏ သတ်ဖြတ်ခြင်းခံလိုက်ရပြီး ဦးချစ်သန်းသည် ကျောက်စိမ်းဖြတ်တောက်သည့် ‌(ကျောက်ဖြတ်ခုံ) လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ကြောင်း သိရှိရသည်။

ဒုစရိုက်သမားများသည် သေဆုံးသူ ဦးချစ်သန်း၏ ဆိုင်ကယ်နောက် ကယ်ရီပေါ်တွင် ကြိုးဖြင့်ချည်နှောင်တင်ဆောင်ထားသည့်အလေးချိန် ဆယ်ပိသာခန့်ရှိသည့် ကျောက်စိမ်းတုံးကိုလည်း ယူဆောင်သွားရန်ကြိုးစားခဲ့သေးကြောင်း၊ နေ့ခင်းလူသွားလူလာရှိနေချိန်နှင့် ကြုံကြိုက်သွားသဖြင့် ရပ်ကွက်‌နေပြည်သူများမှ အခင်းဖြစ်ပွားနေချိန် တွေ့ရှိသွားသဖြင့် ပတ်ဝန်းကျင်မှ အော်ဟစ်ခြောက်လှန့်ခဲ့သောကြောင့် ထိုလုယက်သတ်ဖြတ်သူ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံများထံမှ သိရှိရသည်။

PAN