ရေတာရှည်မြို့၊ မြို့လည် မီးပွိုင့်တွင် မပေါက်ကွဲသေးသော လက်လုပ်မိုင်း ၁ လုံးတွေ့ရှိ


ဖေဖော်ဝါရီလ ၁၄

ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ရေတာရှည်မြို့၊ မြို့လည် မီးပွိုင့်တွင် ယနေ့ညနေ ၅ နာရီအချိန်ခန့်က မပေါက်ကွဲသေးသော လက်လုပ်မိုင်း ၁ လုံးတွေ့ရှိခဲ့ကြောင်း၊ သိရှိရသည်။

အဆိုပါ မြို့လည်မီးပွိုင့်တွင် တွေ့ရှိသော လက်လုပ်မိုင်းအား ညနေ့ ၅ နာရီ ၄၀ မိနစ်အချိန်တွင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

#PAN

Telegram link

https://t.me/positiveanglenews