မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာအနီး ခိုးအောင်နေသော အကြမ်းဖက် PDF များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်း


ဖေဖော်ဝါရီလ ၁၄

ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာအနီးတွင် အကြမ်းဖက် PDF အဖွဲ့များ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူများ၏ လျှိုဝှက်သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ အကြမ်းဖက် PDF အဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရပသည်။

၎င်း ထိတွေ့တိုက်ပွဲအတွင် အကြမ်းဖက်အဖွဲ့ဝင် PDF အလောင်း ၇ လောင်း၊ လက်လုပ်သေနတ် ၇ လက်၊ လက်လုပ်ကျည်ဆံ ၁၉ တောင့်၊ ၁၂ ဗို့ကျည်ဆံ ၁၇ တောင့်၊ လက်လုပ်မိုင်း ၃ လုံး၊ ရီမု ၁ ခု၊ ဖုန်း ၁ လုံး၊ ခဲသီး ၁ ဗူး၊ ပြောက်ကျားဦးထုပ် ၅ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ဒေသတွင်းပြည်သူများက အကြမ်းဖက်လုပ်ရပ်ကို မလိုလားကြသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ပြည်သူများက သတင်းပေးပို့မှု ပိုမိုများပြားလာကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews