နိုင်ငံ ၁၆ နိုင်ငံမှ ပါတီအကြီးအကဲများတက်ရောက်ကြမည့် United Russia Party ပါတီ၏ Forum ကို တက်ရောက်ရန် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ နှင့် အဖွဲ့ ရုရှားနိုင်ငံသို့သွားရောက်


ဖေဆဖာ်ဝါရီ ၁၄

ရုရှားနိုင်ငံ United Russia Party မှ “For the Freedom Of Nations Forum” ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် ဖိုရမ်ကိုတက်ရောက်ရန် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သည့် အဖွဲ့ ရုရှားနိုင်ငံ ယမန်နေ့က ထွက်ခွာသွားကြောင်း ၎င်းပါတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရုရှားနိုင်ငံ United Russia Party မှကပြုလုပ်သည့် အဆိုပါ ဖိုရမ်ကို အယ်လ်ဂျီးရီးယား၊ ဘီလာရု၊ ဘရာဇီး၊ တရုတ်၊ ကျူးဘား၊ အင်ဒိုနီးရှား၊ လာအို၊ လက်ဘနွန်၊ မိုဇမ်ဗစ်၊ နီကာရာရွာ၊ ရုရှား၊ တောင်အာဖရိက၊ ဆီးရီးယား၊ တာဂျကစ္စတန်၊ ဗင်နီဇွဲလား၊ ဇင်ဘာဘွေ နိုင်ငံများမှ နိုင်ငံရေးပါတီအကြီးအကဲများ တက်ရောက်ကြမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် သက်ဆိုင်ရာအစည်းအဝေးများအပြင် နှစ်နိုင်ငံပါတီများ အချင်းချင်းဆက်သွယ်ဆွေးနွေးရန်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

PAN