ငါန်းဇွန်မြို့နယ်၊ နန်းတွင်းကျောင်းတိုက်အတွင်းတွေ့ရှိသည့် ဗုံးသီးအဟောင်း ၁ လုံးအား ဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွား


ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာ၊ နန်းတွင်းကျောင်းတိုက်အတွင်း၌ ယနေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဗုံးသီးအဟောင်း ၁ လုံးအား ဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး ရှင်သာမဏေ ၃ ပါး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ သားကျင်ကျေးရွာ၊ နန်းတွင်းကျောင်းတိုက်မှ အရှင်သုမန၊ ၁၄ နှစ်၊ အရှင်ပညာနန္ဒ၊ ၁၄ နှစ်၊ အရှင်နန္ဒဝံသ ၁၃ နှစ်၊ ရှင်သာမဏေ ၃ ပါးသည် ကျောင်းဝင်းအတွင်းမှ တွေ့ရှိသော ဗုံးသီးအဟောင်း ၁ လုံးအား ဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးသီးဟောင်းပေါက်ကွဲမှုကြောင့် အရှင်သုမနတွင် ဝဲ/ယာ ပေါင်ကျိုးဒဏ်ရာ ၂ ချက်၊ ဦးခေါင်း ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက် လက်ညိုးကျိုး(စိုးရိမ်ရ)၊ အရှင်ပညာနန္ဒတွင် ဝဲဘက်ပေါင် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)၊ အရှင်နန္ဒဝံသတွင် ဝဲဘက်ပေါင် ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း၊ ဒဏ်ရာများရရှိသူများကို ငါန်းဇွန်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို​ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

PAN