ကုလသမဂ္ဂ အကူအညီပေးရေးမစ်ရှင်ကို ဆီးရီးယား အစိုးရ သက်တမ်းသုံးလ ထပ်တိုး


ဖေဖော်ဝါရီ ၁၃

ကုလသမဂ္ဂအနေဖြင့် အတိုက်အခံများ ထိန်းချုပ်ထားသော ဆီးရီးယား အနောက်မြောက်ပိုင်းသို တူကီယဲ နယ်စပ်မှ တစ်ဆင့် အကူအညီများ ပေးပိုခွင့်ကို ဆီးရီးယားအစိုးရက သက်တမ်းသုံးလ ထပ်တိုးပေးထားကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်သတင်းများအရ သိရသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း အင်အားပြင်း မြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို၌ လူပေါင်း ၅၀,၀၀၀ ကျော်သေဆုံးခဲ့ရပြီးနောက် ဆီးရီးယား အစိုးရသည် တူကီယဲနယ်စပ်မှ တစ်ဆင့် အတိုက်အခံများ ထိန်းချုပ်ထားသည့် နယ်မြေများသို သုံးလကြာ အကူ အညီများ ပေးပိုခွင့်ပြုခဲ့သည်။

လက်ရှိအချိန်တွင် ဆီးရီးယားအစိုးရအနေဖြင့် ကုလသမဂ္ဂ၏ အကူအညီပေးအပ်ရေးလုပ်ငန်းစဉ်ကို ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်ထိ သက်တမ်းထပ်တိုး ပေးထားကြောင်း ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံအမတ်ကြီး ကောက်ဆေးအယ်လ် ဒါဟက်ခ် က လူမှုမီဒီယာပေါ်၌ ဖေဖော်ဝါရီလ ၁၁ ရက်တွင် အတည်ပြု ပြောကြားထား သည်။ ဆီးရီးယားအစိုးရသည် ကုလသမဂ္ဂ၏ အကူအညီပေးရေးလုပ်ငန်းစဉ်များအတွက် စတုတ္ထအကြိမ်အဖြစ် သက်တမ်းတိုးပေးခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂသည် လုံခြုံရေးကောင်စီခွင့်ပြုချက်အရ ဆီးရီးယား အနောက် မြောက်ပိုင်းမှ ဒုက္ခသည်များထံ ၂၀၁၄ ခုနှစ်မှစ၍ တူကီယဲနယ်စပ်ဝင်ပေါက်များကို အသုံးပြု၍ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။