(၅)ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ဒုတိယအသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဟွိင်လန်း


ဖေဖော်ဝါရီ ၁၂

မန်ယူအသင်းရဲ့ ဒိန်းမတ်တိုက်စစ်မှူး ဟွိင်လန်း ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ (၅)ပွဲ ဆက်ဂိုးသွင်းယူနိုင်တဲ့ ဒုတိယ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဟွိင်လန်း ဟာ မန်ယူကစားသမားဘ၀ ပထမဆုံး ပရီးမီးယားလိဂ်အဖွင့်ဂိုးကို ဒီဇင်ဘာလအတွင်း ယှဉ်ပြိုင်ခဲ့တဲ့ အက်စတွန်ဗီလာနှင့်ပွဲတွင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယခု အက်စတွန်ဗီလာအသင်းနှင့် ဒုတိယ အကျော့ ဆုံတွေ့သည့်ပွဲတွင် ဂိုးသွင်းမှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ (၅) ပွဲဆက် ဂိုးသွင်းနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန် တင်ထားသူမှာ ၁၉၉၈ ခုနှစ်တွင် (၁၉ နှစ် ၂၃၄ ရက်) ဖြင့် ဂိုးသွင်းယူခဲ့သော အာဆင်နယ်တိုက်စစ်မှူး အနယ်လ်ကာ ဖြစ်ပါတယ်။