ယာဥ်တိုက်မှုဖြစ်ပွားရာမှ မီးလောင်မှု့ဖြစ်ပွားခဲ့

ဖေဖော်ဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့(၂)ရပ်ကွက်တွင် ယမန်နေ့ ညနေ ၇ နာရီ ၃၀ အချိန်ခန့်က 9R-3941 ဘိလပ်မြေဖျော်သည့်ယာဥ် နှင့် 6H-9533 ၂၂ ဘီးတွဲကား ၂ စီးတိုက်မိရာမှ မီးလောင်မှုဖြစ်ပွးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ချစ်ထက်နိုင်၊ ၃၁ နှစ်၊ မြိုင်ကလေးကျေးရွာ၊ ဘားအံမြို့နေသူ မောင်းနှင်လာသည့် 9R-3941 ဘိလပ်မြေဖျော်သည့်ယာဥ်သည် ရန်ကုန်ဘက်မှ ပဲခူးမြို့သို့ မောင်းနှင်လာစဉ် ကလပ်ဂျန့်ဖြစ်ရာမှ ရန်ကုန်-မန္တလေးလမ်းဟောင်း ထက်ဧကရီ ဆီဆိုင်ရှေ့အရောက်တွင် လမ်းလယ်ကျွန်းအား ဝင်ရောက်တိုက်မိပြီး၊ ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် 6H-9533 ၂၂ ဘီးတွဲကားအား ထပ်မံဝင်တိုက်မိသဖြင့် တွဲကားယာဉ်မှာ တိမ်းမှောက်လဲကျ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

PAN