(မှုခင်း) စက်တင်ဘာ ၂၁
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိကြောင်း သိရသည်။
စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းတည့်၁၂နာရီခွဲ အချိန်တွင် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ စစ်ဆေးရှာဖွေစဉ် ကျော်လင်း မောင်းနှင်လာသည့် MAZDA အမျိုးအစား မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းစိမ်း အလေးချိန် ၂၆ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၃၁၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် တရားခံ ကျော်လင်း(၅၃)နှစ်အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN