(မှုခင်း) စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ငွေကျပ် ၁ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။
စက်တင်ဘာလ ၁၅ ရက်နေ့ ည၁၀နါရီ အချိန်တွင် ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်နေ မညန်ရှန်းဝုန်(ခ)ဝုန်ပီး(ခ)ချင်းမ ၏ နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၇၆၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၉ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိတရားခံ မညန်ရှန်းဝုန်(ခ)ဝုန်ပီး(ခ)ချင်းမ(၃၇)နှစ်အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN