ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းကို အနိုင်ကစားပြီး ရီယက်ဒ် ရာသီကြိုဖလားရရှိတဲ့ အယ်လ်ဟီလာ

ဖေဖော်ဝါရီ ၉

ယနေ့နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီယက်ဒ် ရာသီကြိုဖလား ဗိုလ်လုပွဲတွင် အယ်လ်ဟီလာအသင်းက ရော်နယ်ဒို၏ အယ်လ်နာဆာအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ကစားပြီး ရာသီကြိုဖလားကို ရရှိခဲ့ကြောင်း သိရပါတယ်။

အယ်လ်ဟီလာအသင်းဟာ ပထမဆုံးပွဲမှာ မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲမှာတော့ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အယ်လ်ဟီလာအသင်းအတွက် မီလင်ကိုဗစ်ဆာဗစ်က တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ပထမပိုင်းမှာကတည်းက နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အယ်လ်ဟီလာအသင်းဟာ အင်တာမိုင်ယာမီနှင့် အယ်လ်နာဆာ နှစ်သင်းစလုံးကို အနိုင်ယူပြီး ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါတယ်။