ကုန်စျေးနှုန်းသတင်း


ဖေဖော်ဝါရီ ၇

ဖေဖော်ဝါရီလ ၇ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေ အရ ပဲစင်းငုံနီနဲ့ မတ်ပဲဈေးတွေ ဆက်တိုက် ကျဆင်းနေပြီး ပြောင်းဆန်နဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူဈေးတွေ ဈေးငြိမ်နေသလို မန်ကျည်းသီးနဲ့ ငရုတ်ဈေး တွေလည်း ဈေးငြိမ်နေပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၁၁၀,၃၂၀ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်း ကို ၁၁၈,၃၆၀ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၅,၅၁၅ ကျပ်ကနေ ၅,၅၅၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၃၁,၉၉၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ကုလားပဲဖြူလုံး အသေး တစ်ပိဿာကို ၄,၇၅၀ ကျပ်ကနေ ၄,၈၃၅ ကျပ်၊ ကုလားပဲဖြူလုံးအကြီး တစ်ပိဿာကို ၄,၉၁၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၂၅၀ ကျပ်ကနေ ၄,၂၈၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၇,၁၃၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၂,၈၃၀ ကျပ်ကနေ ၄,၅၃၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၂,၇၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၉,၀၀၀ ကျပ်ကနေ ၉,၂၀၀ ကျပ်၊ ငရုတ် (ဆင်ဖြူကျွန်း) တစ်ပိဿာကို ၁၄,၀၀၀ ကျပ်ကနေ ၁၆,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၂,၉၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၉၃၀ ကျပ်ကနေ ၃,၉၇၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၅,၄၀၀ ကျပ်၊ ကြံသကာ တစ်ပိဿာကို ၂,၇၀၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၇၀၀ ကျပ်ကနေ ၂,၉၀၀ ကျပ်၊ ပုစွန်ခြောက် (ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၂၀,၀၀၀ ကျပ်ကနေ ၁၀၀,၀၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။
နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက် အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၆၇ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃,၅၀၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၂,၆၃၀ ကျပ် ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ် ထုတ်ပြန်ချက်အရ –
-Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၇၆၅ ကျပ်၊ မန္တလေးမှာ ၂,၈၁၅ ကျပ်၊ နေပြည်တော်မှာ ၂,၈၀၅ ကျပ်။
-Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၉၀ ကျပ်၊ မန္တလေးမှာ ၂,၉၄၀ ကျပ်၊ နေပြည်တော်မှာ၂,၉၃၅ ကျပ်။
-ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၅၅ ကျပ်၊ မန္တလေးမှာ ၂,၆၀၀ ကျပ်၊ နေပြည်တော်မှာ ၂,၅၉၅ ကျပ်။
-Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၀၀ ကျပ်၊ မန္တလေးမှာ ၂,၆၄၅ ကျပ်၊ နေပြည်တော်မှာ၂,၆၄၅ ကျပ် ရှိနေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၃,၆၆၁,၂၀၀ိ/-) သုံးဆယ် ခြောက်သိန်း ခြောက်သောင်း တစ်ထောင် နှစ်ရာ ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ (၃,၈၅၀,၀၀၀ိ/-) သုံးဆယ် ရှစ်သိန်း ငါးသောင်း ကျပ် ရှိနေတယ်လို သိရပါတယ်။

Octane 92 = ၂,၇၆၅ – ၂,၇၆၅ = ( – )
Octane 95 = ၂,၈၉၀ – ၂,၈၉၀ = ( – )
ဒီဇယ် = ၂,၅၅၅ – ၂,၅၅၅ = ( – )
Premium ဒီဇယ် = ၂,၆၀၀ – ၂,၆၀၀ = ( – )
အကယ်ဒမီမီးလင်းရွှေဈေးနှုန်း (၃,၆၄၇,၈၀၀ိ/-) – (၃,၆၆၁,၂၀၀ိ/-) = ( + ၁၃,၄၀၀)
ပြင်ပ အကယ်ဒမီမီးလင်းရွှေဈေးနှုန်း (၃,၈၂၅,၀၀၀ိ/-) – (၃,၈၅၀,၀၀၀ိ/-) = ( +၂၅,၀၀၀ )

PAN