အောင်မင်္ဂလာအဝေးပြေးကွင်းအတွင်း မီးလောင်မှုဖြစ်ပွားရာ လူ ၃ ဦး သေဆုံး


ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကွင်းတွင် ယနေ့နံနက် ၄ နာရီ ၅၅ မိနစ်အချိန်ခန့်က ရွှေလင်းယုန်ယဥ်၊လိုင်းဂိတ်မှ စတင်မီးလောင် မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ရာနေရာသို့ မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ဝေဘာဂီနယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ် ၁ စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၄၈ မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့​ကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် ရွှေလင်းယုန်ယာဥ်လိုင်း၊ သိန်းသန်းကျော်ယာဥ်လိုင်း၊ ဝင်းယာဥ်လိုင်း၊ အောင်ကျော်ဇောယာဥ်လိုင်း၊ ရွှေယုန်လေးယာဥ်လိုင်း၊ ရာဇာမင်းယာဥ်လိုင်း၊ မန္တလာမင်းယာဥ်လိုင်း၊ ဂိတ်အခန်းလွတ်တစ်ခန်းတို့ မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် ရွှေလင်းယုန် ကားဂိတ်အတွင်းမှ ညစောင့်အလုပ်သမား မျိုးသူရကျော်၊ ၂၄ နှစ်သည် ကော်ရေပုံးအပြာအတွင်း သေဆုံးလျှက်တွေ့ရှိရကြောင်း၊ ထို့ပြင် အပျက်အစီးများရှင်းလင်းရာတွင် ဦးဟန်ကြီး ၃၅ နှစ်နှင့် မျိုးအောင်အောင် ၂၀ နှစ်တို့၏ ရုပ်အလောင်း ၂ လောင်းကို ထပ်မံတွေရှိရကြောင်း သိရှိရသည်။

PAN