မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ KIO ဥက္ကဌ၏နေအိမ်‌ ကြီးမားသော ပေါက်ကွဲမှုဖြစ်ပွား


ဇန်နဝါရီ ၃၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ KIO ဥက္ကဌ၏ နေအိမ်‌ခြံဝင်းအတွင်း ယမန်နေ့ ည ၈ နာရီချိန်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

၎င်း ပေါက်ကွဲမှုသည် လက်ရှိ KIO ဥက္ကဌ အင်ဘန်လ ၏ နေအိမ်‌ခြံဝင်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စီတာပူရပ်ကွက်နေ သူများထံမှ သိရှိရသည်။ အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ အချင်းချင်းလုပ်ကြံခံရသည်ဟု သတင်းများထွက်ပေါ်နေသလို ထိခိုက်သေဆုံမှုရှိမရှိ မသိရကြောင်း၊ ပေါက်ကွဲမှုက ပြင်းထန်းကြောင်း ခြံဝင်းအတွင်းနေအိမ်ရှေ့တွင် ပေါက်ကွဲတာဖြစ်လို့ သေဆုံးထိခိုက်မှုရှိနိုင်တယ်လို့ ဒေသခံများ၏ ပြောဆိုသံများလည်း ထွက်ပေါ်ကြားသိရပါသည်။

PAN