အာဆင်နယ်အသင်းမှ ထွက်ခွာရန် နည်းပြအာတီတာ အစီအစဉ်မရှိ

ဇန်နဝါရီ ၃၀

အာဆင်နယ် နည်းပြ အာတီတာဟာ လာမယ့် နွေရာသီမှာ အသင်းကနေထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နည်းပြကလော့ပ်နဲ့ ဇာဗီတို့ဟာ ရာသီအကုန်မှာ လီဗာပူးနဲ့ ဘာစီလိုနာအသင်းတို့ကနေ ထွက်ခွာတော့မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

စပိန်မီဒီယာရဲ့ဖော်ပြချက်အရ နည်းပြအာတီတာဟာ အာဆင်နယ်အသင်းကနေ စောစီးစွာထွက်ခွာဖို့စဉ်းစားနေတယ်လို့ သိရပါတယ်။

ထို့ကြောင့် ဘာစီလိုနာနည်းပြ ဇာဗီဟာ ရာသီကုန်မှာအသင်းကနေ ထွက်ခွါမယ့် အခြေအနေကြောင်း နည်းပြသစ်လျာထားစာရင်းမှာ အာတေတာလည်း ပါဝင်နေတာပါ။ အာတီတာ ဟာ အာဆင်နယ် အသင်းနဲ့ 2025 အထိ စာချုပ် သက်တမ်း ရှိနေပါတယ်။