TGL-6 ပြိုင်ပွဲရဲ့ သွေးသစ်ဝင်းလှိုင်နှင့် ကျော်စွာဝင်း တို့ပွဲစဉ်မှာ ပူးတွဲသရေရလဒ်ထွက်ပေါ်ခဲ့


ဇန်နဝါရီ ၂၉

နိုင်ငံတကာအဆင့်မီ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး TGL-6 ခေါင်တွဲဆိုင်းဖြစ်တဲ့ သွေးသစ်ဝင်းလှိုင်နှင့် ကျော်စွာဝင်း တို့ပွဲစဥ်မှာ သရေရလဒ်သာထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
သွေးသစ်ဝင်းလှိုင်နှင့် ကျော်စွာဝင်းတို့ဟာ The Great Lethwei (TGL – 6)တွင် ခေါင်တွဲဆိုင်းအဖြစ် ယှဥ်ပြိုင်ခဲ့ကြခြင်းပြီး ၅ ချီမြောက်အထိ အရှုးအနိုင်မပေါ်တဲ့အတွက် သရေရလဒ်သာထွက်ပေါ်ခဲ့တာကြောင့် သွေးသစ်ဝင်းလှိုင် ဟာ The Great Lethwei ရဲ့ လက်ရှိချန်ပီယံ ဂုဏ်ပုဒ်ကို ဆက်လက်ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲရဲ့ TGL-6 ဒုခေါင်တွဲဆိုင်းမှာ စိန်လုံးချောနှင့် မိုးထက်အောင်တို့ ၆၃.၅-၆၇ ကီလို(ဝယ်လ်တာဝိတ်တန်း)ပြိုင်ပွဲမှာ မိုးထက်အောင်က အလဲထိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ သွေးသစ်ဝင်းလှိုင်နှင့် ကျော်စွာဝင်း တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလက ပထမအကြိမ် တွေ့ဆုံရာမှာ ငါးချီမြောက်အထိ အရှုးအနိုင် မပေါ်ခဲ့တဲ့အတွက် ပူးတွဲသရေကျခဲ့တာ ဖြစ်ပါတယ်။

PAN