ပါကစ္စတန်တွင် အဆုတ်ရောင်ရောဂါကြောင့် ကလေးလူငယ် ၂၅၀ ကျော်သေဆုံး


ဇန်နဝါရီ ၂၉

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် ၂၀၂၄ ခုနှစ် နှစ်စမှ ယခုအချိန်အထိ အဆုတ်ရောင်ရောဂါကြောင့် ကလေးသူငယ် ၂၅၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနက ဇန်နဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ ရောဂါဖြစ်ပွားမှုကြောင့် ပန်ဂျပ်ပြည်နယ်အတွင်းမှာပင် ဇန်နဝါရီလ ၂၈ ရက်၌ ကလေး သူငယ် ၁၈ ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်နယ်အတွင်း၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်းမှာပင် ရောဂါဖြစ်ပွားသူ ကလေးသူငယ် ၈၇၀ ဦးခန့်ရှိပြီး ၎င်းတို့အနက် ၁၇ ဦးမှာ ပြည်နယ်မြို့တော် လာဟိုးမှ ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးအာဏာပိုင်အဖွဲ့အနေဖြင့် ပြည်နယ်အတွင်း မြင့်တက်လာနိုင်သည့် ရောဂါဖြစ်ပွားမှုကို တုံပြန်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

PAN