အေဒင်ပင်လယ်ကွေ့ရှိ ဗြိတိန်ရေနံတင်သင်္ဘောကို ဟူသီအဖွဲ့ဒုံးကျည်ဖြင့် တိုက်ခိုက်”

  ဇန်နဝါရီလ ၂၈

ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့သည် ဇန်နဝါရီလ ၂၆ ရက်က အေဒင်ပင်လယ်ကွေ့၌ ဒုံးကျည် များဖြင့် ဗြိတိန်ရေနံတင်သင်္ဘော မာလင်လူဝါဒါ ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ ပစ်မှတ်တိကျ သောကြောင့် သင်္ဘောပေါ်တွင် မီးလောင်ခဲ့ကြောင်း ဟူသီတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ယာ့ယာဆာရီ က ထုတ်ပြန် ပြောကြားသည်။
  ဟူသီအဖွဲ့ပစ်ခတ်မှုကြောင့် သင်္ဘောကိုထိမှန်ပြီး မီးလောင်သွားသဖြင့် အရေးပေါ်အကူအညီ တောင်းခံခဲ့ ရကြောင်း ဗြိတိန်ရေကြောင်းကုန်သွယ်မှုလုပ်ငန်း(ယူကေအမ်တီအို)က ပြောကြားသည်။
  ထို့ပြင် ယင်းနေ့အစောပိုင်းကလည်း ဟူသီအုပ်စုက အေဒင်ပင်လယ်ကွေ့၌ အမေရိကန်ဖျက်သင်္ဘော ယူအက်စ်အက်စ်ကာနေးဆီသို့ သင်္ဘောဖျက်ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း အမေရိကန်ဗဟိုဌာနချုပ်က ပြောကြားသည်။
  ပင်လယ်နီတွင် တင်းမာမှုများမြင့်တက်လာပြီး အမေရိကန်နှင့် ဗြိတိန်တို့က ဇန်နဝါရီလ ၁၂ ရက်မှ စတင် ကာ ဟူသီအဖွဲ့ကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေချိန်တွင် ဟူသီအုပ်စုက ကုန်သွယ်ရေး ရေယာဉ်များကို တိုက်ခိုက်ခြင်းဖြင့် ပါလက်စတိုင်းတို့နှင့် တညီတညွတ်တည်းရှိကြောင်း ၎င်းအုပ်စုက ပြောကြားသည်။

#PAN

Telegram link

https://t.me/positiveanglenews