မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ နေအိမ် သုံးလုံးမီလောင်ပျက်ဆီး

ဇန်နဝါရီ ၂၈

ယနေ့ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလ(၅)လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးထိမ်းနိုင်ခဲ့ပြီး နံဘေးကပ်ရက် အိမ် ၂ လုံး၊ အပါအဝင် အိမ် ၃ လုံး၊ လောင်ကျွမ်းခဲ့ကြောင်း လူ၊ တိရိစ္ဆာန် ထိခိုက်မှုမရှိ ကြောင်း၊ မီးလောင်ရာ နေရာသို့ မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့အစည်းများ၊ ကြက်ခြေနီအဖွဲ့များနှင့် ပြည်သူလူထုများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ ကြောင်းသိရှိရပါသည်။

PAN