နှစ်တစ်ရာကာလအတွင်းရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.) (၁၂,၉၈၃) မွေးထုတ်ပေးခဲ့

န်နဝါရီ ၂၈

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ရာပြည့်နှစ်မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပနေပြည်တော် ဇန်နဝါရီ ၂၇ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ရာပြည့်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

၁၉၂၄ ခုနှစ် ဒီဇင်ဘာ (၂၂) ရက်တွင် မန္တလေးမြို့၌ စိုက်ပျိုးရေးပညာကို တက္ကသိုလ်အဆင့်ဖြင့် စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ နှစ်တစ်ရာပြည့်ဖြစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သစ်လွင်မောင်မယ် (၂၁၁) ဦးတို့က ပထမနှစ်ပညာသင်ယူကြမည်ဖြစ်ပြီး စိုက်ပျိုးရေးတက္ကသိုလ်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးလျက်ရှိရာ ယနေ့အထိ နှစ်တစ်ရာကာလအတွင်း စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.) (၁၂,၉၈၃) ဦး၊ ဘွဲ့လွန် ဒီပလိုမာ (Postgrad.Dip.Ag.Sc.) (၆၅) ဦး၊ မဟာဒဿန ဘွဲ့ (M.Phil.) (၁၀) ဦး၊ မဟာသိပ္ပံဘွဲ့ (M.Agr.Sc.) (၆၆၈) ဦး၊ သုတေသနအခြေပြုပါရဂူဘွဲ့ (Ph.D. by Research) (၆) ဦး၊ ပါရဂူဘွဲ့ (Ph.D.) (၇၇) ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယမန်နေ့က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် ဘက်စုံသုံးခန်းမပန္နက်တော်တင်အခမ်းအနားကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။

#PAN